သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
ယောရှု 10:21 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးစစ်သည်အပေါင်းတို့သည် ယောရှုစခန်းချရာ မက္ကဒါအရပ်သို့ ဘေးကင်းစွာပြန်ရောက်လာကြ၏။ အစ္စရေးအမျိုးသားတို့ကို မည်သူမျှ ရန်မစဝံ့ကြချေ။ Common Language Bible ထိုနောက်ဣသရေလတပ်သားအားလုံးတို့ သည် ဘေးကင်းစွာယောရှုရှိရာမက္ကဒါစခန်း သို့ပြန်လာကြလေသည်။ ထိုပြည်တွင်မည်သူမျှဣသရေလအမျိုး သားတို့အား အပြစ်တင်သောစကားကိုပင် မပြောဝံ့ချေ။ Garrad Bible စစ် သား အ ပေါင်း တို့ သည်၊ ယော ရှု တပ် ရွှေ့ ရာ မ က္က ဒါ မြို့ သို့ ဘေး လွတ် စွာ ပြန် လာ ကြ သော ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ ကို မည် သူ မျှ မ စ မ တင့် ဝံ့ ချေ။ Judson Bible လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာပြန်လာကြ၏။ ဣသရေလလူ တစ်စုံတစ်ယောက်ကို အဘယ်သူမျှ အပြစ်မတင်ရ။ |
သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် မည်သူ့ကို သရော်ကြသနည်း။ မည်သူ့ကိုပါးစပ်ဟ၍ လျှာထုတ်ပြကြသနည်း။ သင်တို့သည် အပြစ်ကျူးလွန်သောသားသမီးများ၊ မုသားပြောဆိုသောအမျိုးအနွယ်များ ဖြစ်ကြသည်မဟုတ်လော။
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး အပြီးတိုင်ချေမှုန်းခဲ့၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည် ခံတပ်မြို့သို့ ပြေးဝင်ကြ၏။
ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ထိုလိုဏ်ဂူထဲမှရှင်ဘုရင်ငါးပါးကို ငါ့ထံသို့ ထုတ်ဆောင်လာခဲ့ကြလော့”ဟု ဆိုသည့်အတိုင်း