အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
ယောရှု 10:19 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား ရပ်စောင့်မနေဘဲ ရန်သူတို့နောက်သို့လိုက်၍ တိုက်ခိုက်ကြလော့။ သူတို့ကို မြို့ထဲသို့ တစ်ယောက်မျှ မဝင်စေနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလေ၏။ Common Language Bible သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။- Garrad Bible ရန် သူ တို့ ကို မ ဆိုင်း မ လင့် လိုက် လံ၍၊ တွေ့ မိ သ မျှ သတ် ကြ လော့။ ချင်း တို့ မြို့ သို့ မ ဝင် စေ လင့်။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို သူ တို့ ကို သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ပြီ ဟု မိန့် မှာ လေ ၏။ Judson Bible သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကိုလိုက်၍ မီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌အပ်တော်မူပြီဟု မှာထားလေ၏။ |
အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
ဒါဝိဒ်မင်းကြီးက အဘိရှဲအား “ယခု ဗိခရိ၏သားရှေဘသည် ငါတို့ကို အဗရှလုံထက်ပို၍ အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် သင့်သခင်၏အမှုထမ်းတို့ကိုခေါ်၍ သူ့နောက်သို့လိုက်လော့။ သို့မဟုတ်လျှင် သူသည် ခံတပ်မြို့များတွင် ဝင်ခိုပြီး ငါတို့လက်မှ လွတ်မြောက်လိမ့်မည်”ဟု မိန့်ဆို၏။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။
ယောရှုက “လိုဏ်ဂူဝကို ကျောက်တုံးကြီးများနှင့် ပိတ်ထား၍ လူစောင့်ချထားခဲ့လော့။
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး အပြီးတိုင်ချေမှုန်းခဲ့၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည် ခံတပ်မြို့သို့ ပြေးဝင်ကြ၏။