ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
ယောရှု 10:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ထိုနေ့ကဲ့သို့ လူ၏စကားကို နားညောင်းသောအဖြစ်မျိုး ယခင်က မဖြစ်ဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်။ စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် စစ်တိုက်တော်မူခဲ့၏။ Common Language Bible ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး ဘက်၌ စစ် တိုက် လျက်၊ လူ့ စ ကား ကို နား ညောင်း တော် မူ သော ထို နေ့ ကဲ့ သို့ ရှေ့၌ မ ဖြစ်၊ နောက်၌ လည်း မ ဖြစ် ဘူး ချေ။ Judson Bible ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တစ်နေ့မျှ မဖြစ်စဖူး။ နောက်တစ်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။ |
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
ကြည့်ရှုလော့။ နေရွေ့သည်နှင့်အမျှလိုက်ရွေ့သွားသော အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ဆယ်ထစ် ငါပြန်ဆုတ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။ ထို့ကြောင့် လှေကားထစ်ပေါ်မှ ရွေ့သွားပြီးသည့်နေ၏အရိပ်သည် နောက်သို့ဆယ်ထစ်ပြန်ဆုတ်လေ၏။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။
သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊
ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် မိမိတို့စခန်းချရာ ဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးခြားအပေါင်းတို့အား မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ သင်တို့အတွက် စစ်တိုက်ပေးတော်မူသောအရှင်ကား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။