အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
ယောရှု 1:4 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။ Common Language Bible သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။- Garrad Bible သဲ က န္တာ ရ မှ ထို လေ ဗ နုန် တောင် ထိ၊ ဥ ဖ ရတ် မြစ် ကြီး မှ အနောက် ဘက် ရှိ မြေ ထဲ ပင် လယ် ကမ်း ခြေ အ ထိ၊ ဟိ တ္တိ ပြည် တစ် လျှောက် သင် တို့ ပြည် ထောင် ဖြစ် လိမ့် မည်။ Judson Bible တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။ |
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။
အကျွန်ုပ်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ သာယာဝပြောသောပြည်၊ သာယာဝပြောသောတောင်ပေါ်ဒေသနှင့် လက်ဘနွန်တောင်ကို မြင်ရမည့်အကြောင်း အကျွန်ုပ်အား ဂျော်ဒန်မြစ်ကိုကူးသွားခွင့်ပြုတော်မူပါ’ဟု အသနားခံ၏။
ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။