တစ်ဖန် ထာဝရဘုရားက “ဓားဘေးမှအသက်ရှင်ကျန်ရစ်သောသူတို့သည် တောကန္တာရ၌ ကျေးဇူးတော်ခံစားရပြီ။ အစ္စရေးလူမျိုးတို့သည် ငြိမ်ဝပ်ချမ်းသာရာသို့ ချီလေပြီ”ဟု မိန့်တော်မူ၏။
ယောရှု 1:13 - မြန်မာ့စံမီသမ္မာကျမ်း “ထာဝရဘုရား၏အစေအပါးမောရှေက ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူပြီ။ ဤပြည်ကို ပေးတော်မူပြီ’ဟူ၍ သင်တို့အား ပြောဆိုထားခဲ့သည့်စကားကို အောက်မေ့လော့။ Common Language Bible ``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။- Garrad Bible ယော ရှု က၊ ဤ ပြည် နယ် ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား၍ သင် တို့ ရန် ငြိမ်း စေ တော် မူ သည် ဟူ သော၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မိန့် မှာ ချက် ကို သ တိ ရ ကြ လော့။ Judson Bible ထာဝရဘုရား၏ကျွန်မောရှေသည်၊ သင်တို့အားမှာထားသောစကားဟူမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌နေရာချတော်မူပြီ။ |
တစ်ဖန် ထာဝရဘုရားက “ဓားဘေးမှအသက်ရှင်ကျန်ရစ်သောသူတို့သည် တောကန္တာရ၌ ကျေးဇူးတော်ခံစားရပြီ။ အစ္စရေးလူမျိုးတို့သည် ငြိမ်ဝပ်ချမ်းသာရာသို့ ချီလေပြီ”ဟု မိန့်တော်မူ၏။
သင်တို့၏မယားနှင့် ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် ဂျော်ဒန်မြစ်တစ်ဖက် မောရှေပေးခဲ့သောပြည်တွင် နေရစ်ရမည်။ ရဲစွမ်းသတ္တိရှိသူအပေါင်းတို့မူကား လက်နက်စွဲကိုင်လျက် သင်တို့၏အမျိုးသားချင်းတို့ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။