“တပ်စခန်းတစ်လျှောက်လုံးသို့ သွား၍ လူတို့အား ‘သုံးရက်အတွင်းတွင် ဂျော်ဒန်မြစ်ကို ကူးပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်ရောက်သိမ်းပိုက်ရမည်ဖြစ်သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်ကြလော့’ဟူ၍ ပြောကြားလော့”ဟု မှာကြားလေ၏။
စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
တပ်တစ်လျှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ်တစ်ဖက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည်အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထားလေ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
သူတို့သည် တတိယနေ့၌ အဆင်သင့်ရှိနေရမည်။ အကြောင်းမူကား တတိယနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့၏မျက်မှောက်၊ သိနာတောင်ပေါ်သို့ ကြွဆင်းတော်မူမည်။
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်ရောက်သိမ်းပိုက်တော့မည်။ ထိုပြည်ကိုသင်တို့ပိုင်ဆိုင်၍ ထိုပြည်၌နေထိုင်ကြသောအခါ
ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ယနေ့ သင်သည် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကိုသွား၍နှင်ထုတ်ရန် ဂျော်ဒန်မြစ်ကိုကူးသွားရတော့မည်။ မြို့များသည် ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။
ထိုအခါ ယောရှုက လူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူတို့အား
“ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။
သုံးရက်ပြည့်သောအခါ ကြီးကြပ်အုပ်ချုပ်သူတို့သည် တပ်စခန်းတစ်လျှောက်သို့သွား၍