ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ယောန 4:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောနသည် မြို့ပြင်သို့ထွက်သွား၍ မြို့အရှေ့ဘက်တွင် ထိုင်နေ၏။ ထိုနေရာတွင် ယာယီတဲထိုး၍ မြို့ထဲတွင် မည်သို့ဖြစ်ပျက်မည်ကို သိနိုင်ရန် တဲရိပ်အောက်တွင် ထိုင်ကြည့်နေ၏။ Common Language Bible ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။- Garrad Bible ထို နောက် ယော န သည် မြို့ ပြင် သို့ ထွက်၍ မြို့ ရှေ့ တွင် နေ လျက် တဲ ထိုး ပြီး လျှင်၊ မြို့ ၌ မည် သို့ ဖြစ် မည် ကို မ သိ မ မြင် ရ မီ၊ တဲ ရိပ် အောက် မှာ ထိုင် နေ ရာ၊ Judson Bible ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။ |
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
ဘုရားသခင်ထာဝရဘုရားသည် ထိုနေရာတွင် ယောနခေါင်းပေါ်အရိပ်ရရန် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေခြင်းဖြင့် စိတ်ဒုက္ခဖြစ်ခြင်းမှ သက်သာစေ၏။ ယောနသည် ထိုကြက်ဆူပင်ကြောင့် ဝမ်းသာအားရ ဖြစ်လေ၏။