Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 4:5 - Common Language Bible

5 ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို နောက် ယော န သည် မြို့ ပြင် သို့ ထွက်၍ မြို့ ရှေ့ တွင် နေ လျက် တဲ ထိုး ပြီး လျှင်၊ မြို့ ၌ မည် သို့ ဖြစ် မည် ကို မ သိ မ မြင် ရ မီ၊ တဲ ရိပ် အောက် မှာ ထိုင် နေ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယော​န​သည် မြို့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သိ​မြင်​ခြင်း​ငှာ၊ မြို့​ပြင်​သို့​ထွက်၍ မြို့​အ​ရှေ့​မျက်​နှာ၌ တဲ​မိုး​ကို​လုပ်​ပြီး​လျှင်၊ အ​မိုး​အ​ရိပ်​တွင် ထိုင်၍​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုအခါ ယောန​သည် မြို့​ပြင်​သို့​ထွက်သွား​၍ မြို့​အရှေ့ဘက်​တွင် ထိုင်​နေ​၏​။ ထို​နေရာ​တွင် ယာယီတဲ​ထိုး​၍ မြို့​ထဲတွင် မည်သို့​ဖြစ်ပျက်​မည်​ကို သိ​နိုင်​ရန် တဲ​ရိပ်​အောက်​တွင် ထိုင်ကြည့်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 4:5
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။


သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။


ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။


သို့​ရာ​တွင်``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လိုက်​ပါ​တော့​အံ့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ မ​ဟော​မ​ပြော​လို​တော့​ပြီ'' ဟု ကျွန်​တော်​မျိုး​ဆို​သော​အ​ခါ၊ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​သည် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​အ​တွင်း​၌​မီး​ကဲ့​သို့ တောက်​လောင်​ကာ ကျွန်​တော်​မျိုး​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ကိုယ် အ​တွင်း​၌ ပိတ်​လှောင်​ရန်​ကြိုး​စား​ပါ​သော်​လည်း​ချုပ်​ကိုင်​၍ မ​ထား​နိုင်​တော့​ပါ။


သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။


ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။


ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ