အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​န 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း သော ကြောင့်၊ အ ကျွန်ုပ် အ သက် ကို ရုတ် သိမ်း တော် မူ ပါ ဟု တောင်း လျှောက် သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။



ယော​န 4:3
14 ပူးပေါင်းရင်းမြစ်များ  

တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။


မွှေး​သော​ဂုဏ်သတင်း​သည် မွှေး​သော​နံ့သာဆီ​ထက် ပို၍​ကောင်း​၏​။ သေ​သော​နေ့​သည်​လည်း မွေးဖွား​သော​နေ့​ထက် ပို၍​ကောင်း​၏​။


အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​နှင်ထုတ်​၍ အရပ်ရပ်​သို့​ရောက်သွား​သော​သူ​တို့​ထဲမှ ကြွင်းကျန်​သော​သူ​တည်းဟူသော ဤ​မကောင်း​သော​မျိုးနွယ်စု​ထဲမှ အသက်ရှင်​ကျန်ရစ်​သူ​အားလုံး​တို့​သည် အသက်ရှင်​ခြင်း​ထက် သေ​ခြင်း​ကို​ရွေးချယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က​လည်း သူ့​အား “​သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​၏​။


နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​အား ဤသို့​ပြု​တော်မူ​မည်​ဆိုလျှင် ယခုပင် အကျွန်ုပ်​ကို ကွပ်မျက်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်မှောက်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​နှင့် မ​ကြုံတွေ့​ပါရစေ​နှင့်​”​ဟု လျှောက်ဆို​လေ​၏​။


လူ​တို့​က မောရှေ​အား “​ထာဝရဘုရား​ရှေ့​တော်​၌ ငါ​တို့​၏​ညီအစ်ကို​များ​သေ​စဉ်က ငါ​တို့​လည်း သေ​ခဲ့​ပါစေလား​။


သို့သော် ငါ​သည် ဤ​အခွင့်​တစ်စုံတစ်ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထိုသို့​ပြု​စေ​လို​၍ ဤ​အရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ကို သူတစ်ပါး​က အချည်းနှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း​၏။