ဒါဝိဒ်မင်းကြီးက “သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်ငိုကြွေးသည်မှာ ‘ထာဝရဘုရားသည် ငါ့ကို သနားသောအားဖြင့် သူငယ်ကို အသက်ရှင်ခွင့်ပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း’ဟု ငါတွေးမိသဖြင့် ဤသို့ပြုခြင်း ဖြစ်၏။
ယောန 3:9 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် ဘုရားသခင်သည် ငါတို့ကို မဖျက်ဆီးဘဲ စိတ်တော်ပြောင်းလဲ၍ အမျက်တော်ပြေမည်၊ မပြေမည်ကို မည်သူသိနိုင်မည်နည်း”ဟူ၍ ဖြစ်၏။ Common Language Bible သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။ Garrad Bible ငါ တို့ မ ပျက် စီး စေ ခြင်း ငှာ၊ ဘု ရား သ ခင် သည် စိတ် တော် လည် ၍ ပြောင်း လဲ သ ဖြင့်၊ အ မျက် တော် အ ရှိန် ကို ငြိမ်း စေ တော် မူ မည်၊ မမူ မည်ကို၊ အ ဘယ် သူ သိ နိုင် သ နည်း ဟု ဆင့် ဆို စေ ၏။ Judson Bible ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။ |
ဒါဝိဒ်မင်းကြီးက “သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်ငိုကြွေးသည်မှာ ‘ထာဝရဘုရားသည် ငါ့ကို သနားသောအားဖြင့် သူငယ်ကို အသက်ရှင်ခွင့်ပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း’ဟု ငါတွေးမိသဖြင့် ဤသို့ပြုခြင်း ဖြစ်၏။
ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
မိမိ၏ဒေါသကို အကုန်အစင်ရုပ်သိမ်း၍ မိမိ၏ပြင်းထန်သောအမျက်တော်ကို ပြေငြိမ်းစေတော်မူပြီ။
အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
ထို့ကြောင့် ယခု သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူမည်။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
ထို့နောက် ယောနကိုချီမ၍ ပင်လယ်ထဲသို့ပစ်ချကြလျှင် ပင်လယ်ပြင်မှ ပြင်းထန်သောလေမုန်တိုင်းကြီးလည်း ငြိမ်သက်သွားလေ၏။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
ဤသို့ ပလိပ်နာဖုအရုပ်နှင့် ပြည်ကိုဖျက်ဆီးသောကြွက်အရုပ်တို့ကို ထုလုပ်၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်ကို ချီးမြှောက်ခြင်းဖြင့် လက်တော်ကို သင်တို့နှင့် သင်တို့၏ဘုရားများအပါအဝင် သင်တို့တိုင်းပြည်မှ ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းတော်မူလိမ့်မည်။