သူ့ကို သနားသောအားဖြင့် ကောင်းကင်တမန်က ‘သူ့ကို သေတွင်းမှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်စရာအဖိုးအခကို တွေ့ပါပြီ’ဟု ဆိုလိမ့်မည်။
ယောန 2:6 - မြန်မာ့စံမီသမ္မာကျမ်း တောင်ခြေရင်းတိုင်အောင် အကျွန်ုပ်နစ်မြုပ်သွား၍ မြေကြီးသည် အကျွန်ုပ်ကို အစဉ်ကန့်လန့်ထိုးထားသော်လည်း အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်အသက်ကို သေတွင်းမှ ကယ်နုတ်တော်မူပြီ။ Common Language Bible အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။ Garrad Bible တောင် ခြေ ရင်း သို့ အ ကျွန်ုပ် ဆင်း ရ၍၊ မြေ ကြီး၏ ကန့် လန့် ကျင် များ ဖြင့် အ စဉ် အ မြဲ ထိုး ပိတ် ထား သော် လည်း၊ အ ကျွန်ုပ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ကို၊ ပျက် စီး ရာ တွင်း ထဲ မှ ဆယ် ယူ တော် မူ ပါ ပြီ။ Judson Bible တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။ |
သူ့ကို သနားသောအားဖြင့် ကောင်းကင်တမန်က ‘သူ့ကို သေတွင်းမှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်စရာအဖိုးအခကို တွေ့ပါပြီ’ဟု ဆိုလိမ့်မည်။
ငါ့ဝိညာဉ်ကို သေတွင်းသို့မရောက်အောင် ရွေးနုတ်တော်မူ၏။ ငါ့အသက်သည်လည်း အလင်းကို တွေ့မြင်ခွင့်ရ၏’ဟု ဆိုလိမ့်မည်။
ကိုယ်တော်သည် ထိုမြေကြီးကို အဝတ်နှင့်ဖုံးလွှမ်းသကဲ့သို့ နက်ရှိုင်းသောရေထုဖြင့် ဖုံးလွှမ်းတော်မူ၏။ ရေထုသည် တောင်များပေါ်တွင် တည်လျက်ရှိပါ၏။
တောင်များပေါ်တက်သွား၍ ချိုင့်ဝှမ်းများထဲသို့စီးဆင်းလျက် မိမိတို့အတွက် ကိုယ်တော်ချမှတ်ထားသောနေရာသို့ သွားကြပါ၏။
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံထဲမှထုတ်ဆောင်တော်မူ၍ အကျွန်ုပ်ကို သေတွင်းထဲသို့မဆင်းသွားစေဘဲ ဆက်၍အသက်ရှင်စေတော်မူပြီ။
အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ကိုယ်တော်သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုးတော်နှင့်ပတ်စည်းလျက် တောင်များကို မိမိ၏တန်ခိုးတော်ဖြင့် တည်စေတော်မူ၏။
အကျွန်ုပ်သည် နက်သောနွံထဲ၌နစ်နေပါပြီ။ ရပ်စရာမြေမာလည်းမရှိပါ။ အကျွန်ုပ်သည် နက်ရှိုင်းသောရေထဲသို့ရောက်နေပါပြီ။ လှိုင်းလုံးကြီးသည် အကျွန်ုပ်ကိုလွှမ်းမိုးပါပြီ။
“ငါသည် အရွယ်ကောင်းချိန်တွင်ပင် မရဏာနိုင်ငံတံခါးရှိရာသို့ သွားရတော့မည်။ ကြွင်းကျန်သော ငါ၏နှစ်လများကို ငါဆုံးရှုံးလိုက်ရလေပြီ။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။