လူအား သူဖြောင့်မှန်ကြောင်းဖော်ပြပေးနိုင်ရန် သူ့အတွက် ကြားဝင်စေ့စပ်ပေးနိုင်သောကောင်းကင်တမန် တစ်ထောင်တွင် တစ်ပါးသာရှိခဲ့လျှင်
ယောဘဝတ္တု။ 9:33 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။ Common Language Bible ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။ Garrad Bible နှစ် ဘက် တို့ အ ပေါ် တွင်၊ လက် ဝါး စီး အုပ်၍၊ အ လယ်၌ စုံ ရာ သ မာ ဓိ လည်း မ ရှိ ချေ။ Judson Bible ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေအမှုစောင့် မရှိ။ |
လူအား သူဖြောင့်မှန်ကြောင်းဖော်ပြပေးနိုင်ရန် သူ့အတွက် ကြားဝင်စေ့စပ်ပေးနိုင်သောကောင်းကင်တမန် တစ်ထောင်တွင် တစ်ပါးသာရှိခဲ့လျှင်
ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
ကိုယ်တော်သည် အကျွန်ုပ်ကို ရှေ့နောက်မှကာဆီးပေး၍ အကျွန်ုပ်အပေါ်၌ လက်တော်ကိုတင်တော်မူ၏။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။