ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ယောဘဝတ္တု။ 9:20 - မြန်မာ့စံမီသမ္မာကျမ်း ငါဖြောင့်မတ်လျှင်ပင် ငါ့နှုတ်သည် ငါ့ကိုသာ အပြစ်တင်လိမ့်မည်။ ငါ၌အပြစ်တင်စရာမရှိလျှင်ပင် ငါ့ကိုကောက်ကျစ်သောသူဟု မိန့်တော်မူလိမ့်မည်။ Common Language Bible ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။ Garrad Bible ငါ ဖြောင့် မတ် သော် လည်း၊ ငါ့ စ ကား ပင်၊ ငါ့ ကို အ ပြစ် စီ ရင် လိမ့် မည်။ စုံ လင် သော် လည်း၊ လိမ် လည် ကောက် ကျစ် ရာ ရောက် လိမ့် မည်။ Judson Bible ကိုယ်အပြစ်ကို ပြေစေခြင်းငှာပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။ |
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
အကျွန်ုပ်ဆိုးယုတ်လျှင် အကျွန်ုပ်၌ အမင်္ဂလာရှိ၏။ အကျွန်ုပ်ဖြောင့်မတ်လျှင်ပင် ခေါင်းမမော့ဝံ့ဘဲ အရှက်ကွဲလျက်နေရပါ၏။ အကျွန်ုပ်ခံရသောဆင်းရဲဒုက္ခကို ကြည့်ရှုလှည့်ပါ။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အိတ်ထဲ၌ချိပ်ပိတ်ထား၍ အကျွန်ုပ်၏ဒုစရိုက်ကို ဖုံးကွယ်ထားတော်မူပါ၏။
‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။
ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။
သေမျိုးဖြစ်သောလူသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်နိုင်မည်လော။ လူသည် သူ့ကိုဖန်ဆင်းသောအရှင်ရှေ့တွင် စင်ကြယ်နိုင်မည်လော။
ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။
“ဤအမှန်တရားကို ငါသိပါ၏။ သို့သော် လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။
ငါ၌အပြစ်ရှိသည်ဟု စီရင်ခြင်းကိုခံရမည်ဆိုလျှင် အဘယ်ကြောင့် ဤသို့အချည်းနှီးကြိုးစားအားထုတ်နေရမည်နည်း။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။