အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။
‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
သူတို့သည် သင့်ကို မသွန်သင်၊ မပြောပြဘဲနေမည်လော။ သူတို့နှလုံးသားထဲမှစကားများကိုလည်း ထုတ်ဖော်မပြောဘဲနေမည်လော။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။ သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
သူတို့သည် မည်သည့်အရာကိုမျှမသိကြ။ မည်သည့်အရာကိုမျှလည်း နားမလည်ဘဲ အမှောင်ထဲ၌ သွားလာကြ၏။ ကမ္ဘာမြေကြီး၏အခြေအမြစ်အပေါင်းတို့သည် တုန်လှုပ်ကြ၏။
အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။