ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ယောဘဝတ္တု။ 7:18 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍ မခြားမလပ်စစ်ဆေးတော်မူရသနည်း။ Common Language Bible သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။ Garrad Bible နံ နက် တိုင်း ကြည့် ရှု ခြင်း၊ အ စဉ် မ ပြတ် စစ် ဆေး ခြင်း များ ကို၊ ပြု တော် မူ ရ ပါ သ နည်း။ Judson Bible သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏ စုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ |
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
ငါသည် ထိပါးနှောင့်ယှက်ခြင်းကို တစ်နေ့လုံးခံရ၏။ ဆိုဆုံးမခြင်းကိုလည်း နံနက်တိုင်းခံရ၏။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ယခု သွား၍ သင့်အား ငါမိန့်ဆိုသောနေရာသို့ ထိုလူတို့ကို ပို့ဆောင်လော့။ ကြည့်ရှုလော့။ ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့မှ သွားလိမ့်မည်။ သို့သော် ငါအပြစ်ဒဏ်ပေးမည့်နေ့ရက်၌ သူတို့၏အပြစ်အတွက် သူတို့ကိုဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
သေသောသူတို့သည် ပြန်မရှင်။ သေသောသူတို့၏ဝိညာဉ်သည် မထမြောက်။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုအပြစ်ဒဏ်ပေး၍ ဖျက်ဆီးတော်မူ၏။ သူတို့နှင့်ဆိုင်သည့်အမှတ်တရအားလုံးကို ဖယ်ရှားတော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်ဘိုးဘေးတို့မသိသောမန္နမုန့်ဖြင့် တောကန္တာရ၌ သင့်ကိုကျွေးမွေးတော်မူသောအရှင်၊ နောက်ဆုံး၌ သင့်ကိုကောင်းစားစေမည့်အကြောင်း သင့်ကိုနှိမ့်ချခြင်းဖြင့် စမ်းသပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူသည့် သင်၏ဘုရားသခင်ထာဝရဘုရားကို သင်မေ့လျော့လိမ့်မည်။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။