အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ယောဘဝတ္တု။ 41:8 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကို သင်လက်ရွယ်လိုက်သည်နှင့် တိုက်ခိုက်ခံရတတ်သည်ကို သတိရပါ။ ထို့ကြောင့် သင်လက်ရွယ်ရဲတော့မည်မဟုတ်။ Common Language Bible သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။ Garrad Bible လက် တင် ရုံ မျှ ပြု မိ လျှင်၊ လုပ် ကြံ မှု ကို သ တိ ရ၍ ထပ် မံ မ ပြု ချေ။ Judson Bible သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တစ်ဖန် မအောက်မေ့ရ။ |
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ထိုအခါ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြလျက် “ရှင်ဘုရင်နှစ်ပါးပင်လျှင် သူ့ကို မခုခံနိုင်။ အကျွန်ုပ်တို့လည်း သူ့ကို မည်သို့ခုခံနိုင်မည်နည်း”ဟု ဆိုကြ၏။
သူ့အရေခွံကို မှိန်းများနှင့်လည်းကောင်း၊ သူ့ဦးခေါင်းကို ငါးထိုးလှံနှင့်လည်းကောင်း ထိုးဖောက်နိုင်သလော။
သူ့ကိုအနိုင်ရဖို့မျှော်လင့်သောသူသည် အမှားကြီးမှားလိမ့်မည်။ သူ့ကိုမြင်လိုက်ရုံနှင့် မေ့မျောလဲကျသွားမည်မဟုတ်လော။