ဆူပွက်နေသောအိုး၊ မီးတောက်နေသောကျူရိုးတို့မှ မီးခိုးထွက်သကဲ့သို့ သူ့နှာခေါင်းထဲမှ မီးခိုးထွက်တတ်၏။
ယောဘဝတ္တု။ 41:21 - မြန်မာ့စံမီသမ္မာကျမ်း သူအသက်ရှူသောအခါ မီးသွေးခဲတို့ မီးတောက်သွားတတ်၏။ သူ့နှုတ်ထဲမှ မီးလျှံထွက်တတ်၏။ Common Language Bible အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။ Garrad Bible အာ ခံ တွင်း မှ မီး လျှံ ထွက် တတ်၏။ Judson Bible အသက်ရှူသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏။ |
ဆူပွက်နေသောအိုး၊ မီးတောက်နေသောကျူရိုးတို့မှ မီးခိုးထွက်သကဲ့သို့ သူ့နှာခေါင်းထဲမှ မီးခိုးထွက်တတ်၏။
သူ့ခွန်အားသည် သူ့လည်ပင်း၌ ရှိ၏။ သူ့ရှေ့ရောက်သည်နှင့် ကြောက်လန့်၍ ပြန်ထွက်ပြေးရ၏။
ရှေ့တော်ရှိရောင်ခြည်တော်ကြောင့် မိုးသီးနှင့်တောက်လောင်သောမီးခဲများသည် ကိုယ်တော်၏တိမ်တိုက်များကို ဖြတ်ကျော်၍ထွက်လာကြ၏။
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ထာဝရဘုရားအသက်ရှူထုတ်လိုက်သောအခါ မြက်ပင်သည် ခြောက်သွေ့၍ ပန်းပွင့်သည် ညှိုးနွမ်းသွား၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။
ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။