သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
ယောဘဝတ္တု။ 41:13 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အပေါ်ယံအရေခွံကို မည်သူခွာချွတ်နိုင်သနည်း။ ဇက်ကြိုးနှစ်ချောင်းဖြင့် သူ့ထံ မည်သူလာဝံ့သနည်း။ Common Language Bible သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။ Garrad Bible အ ပေါ် ရံ အ ဝတ် ကို မည် သူ မျှ ချွတ် လှန် နိုင် သ နည်း။ Judson Bible သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။ |
သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
လဝိသန်၏ခြေလက်အင်္ဂါအကြောင်း၊ ခွန်အားကြီးကြောင်း၊ ကိုယ်လုံးကိုယ်ထည်တောင့်တင်းကြောင်းကို ငါ မပြောပြဘဲ နေမည်မဟုတ်။
သူ့ခံတွင်းတံခါးကို မည်သူဖွင့်ဝံ့သနည်း။ ခံတွင်းထဲရှိသွားတန်းသည်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
ငါတို့ကိုနာခံစေရန် မြင်း၏ပါးစပ်ထဲသို့ ဇက်ခွံ့သောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ငါတို့လှည့်နိုင်၏။