မြစ်ရေကြီးသော်လည်း သူသည် ထိတ်လန့်ခြင်းမရှိ။ ဂျော်ဒန်မြစ်ရေသည် သူ့နှုတ်သီးကို အရှိန်နှင့်တိုက်သွားလျှင်ပင် သူမမှုပါ။
မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
မြစ် ရေ သည် တ ဟုန် တည်း စီး လာ သော်၊ မ ကြောက်။ ၎င်း ခံ တွင်း ရောက် ယော် ဒန် မြစ် တက် စီး သော် လည်း၊ စိတ် ချ လျက် နေ၏။
မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
ကြာပင်သည် သူ့ကို အရိပ်မိုးပေး၏။ ချောင်းနံဘေးရှိမိုးမခပင်များသည် သူ့ကိုဝိုင်းရံထား၏။
သူ့ကို ပေါ်ပေါ်ထင်ထင်ဖမ်းနိုင်မည်လော။ သူ့ကိုထောင်ဖမ်းပြီး နဖားကြိုး တပ်နိုင်မည်လော။
လေပြင်းဘေးမှလည်းကောင်း၊ မုန်တိုင်းဘေးမှလည်းကောင်း လွတ်မြောက်ရာသို့ ငါအလျင်အမြန်သွားပေလိမ့်မည်”ဟု ဆို၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။
ဂျော်ဒန်မြစ်ရေသည် ရိတ်သိမ်းရာကာလ၌ မြစ်ကမ်းတစ်လျှောက်ရေလျှံလေ့ရှိ၏။ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်သို့ရောက်၍ ရေစပ်၌ ခြေချသည်နှင့်