အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
ယောဘဝတ္တု။ 40:21 - မြန်မာ့စံမီသမ္မာကျမ်း ကြာပင်အောက်မှာ၊ စိမ့်စမ်းတောရှိ ကျူပင်အကွယ်မှာ ဝပ်နေတတ်၏။ Common Language Bible အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ Garrad Bible ရေ မြင်း သည်၊ စိမ့်၊ ကျူ တော၊ မြစ် ချင်း ပင် အောက် များ၌ ဝပ် နေ သ ဖြင့်၊ မြစ် ချင်း ပင် များ သည် အ ရိပ် နှင့် လွှမ်း မိုး၍၊ Judson Bible အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံပုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ |
အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
အကယ်စင်စစ် သူ့အဖို့ အစားအစာကို တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကျက်စားရာ တောင်တန်းတို့မှ ရ၏။
ကြာပင်သည် သူ့ကို အရိပ်မိုးပေး၏။ ချောင်းနံဘေးရှိမိုးမခပင်များသည် သူ့ကိုဝိုင်းရံထား၏။
ကျူတောသားရဲတိရစ္ဆာန်နှင့် လူမျိုးနွားသငယ်များအလယ်ရှိ နွားလားအုပ်ကြီးတို့ကို ဆုံးမတော်မူပါ။ ငွေချောင်းများရှိသောသူကို ခြေဖြင့်နင်းချေလျက် စစ်မက်ကိုနှစ်သက်သောလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူပါ။
ခြစ်ခြစ်တောက်ပူသောသဲမြေသည် ရေအိုင်ဖြစ်လိမ့်မည်။ ခြောက်ကပ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ ခွေးအတို့ကျက်စားရာနေရာ၊ လဲလျောင်းရာနေရာ၌ မြက်ပင်နှင့်အတူ ကျူပင်နှင့်ကျူပင်ကြီးတို့ ပေါက်လိမ့်မည်။