ဗေဟမုတ်ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။
ယောဘဝတ္တု။ 40:16 - မြန်မာ့စံမီသမ္မာကျမ်း သူ့ခွန်အားသည် သူ့ခါး၌ရှိ၍ သူ့စွမ်းအားသည် သူ့ဝမ်းဗိုက်ကြွက်သားများ၌ ရှိ၏။ Common Language Bible သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။ Garrad Bible ခါး ၌ လည်း ကောင်း၊ ဝမ်း ကြော၌ လည်း ကောင်း၊ ခွန် အား ဗ လ တည်၍။ Judson Bible သူ၏တန်ခိုးသည် ခါး၌လည်းကောင်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌လည်းကောင်း တည်လျက်ရှိ၏။ |
ဗေဟမုတ်ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။
သူ့အမြီးသည် သစ်ကတိုးပင်ကဲ့သို့ မာကျော၏။ သူ့ပေါင်ကြောတို့သည်လည်း လိမ်ခွေယှက်ဖြာလျက် ရှိ၏။
သူ့ခွန်အားသည် သူ့လည်ပင်း၌ ရှိ၏။ သူ့ရှေ့ရောက်သည်နှင့် ကြောက်လန့်၍ ပြန်ထွက်ပြေးရ၏။