သူတို့ကို မြေမှုန့်ထဲမှာ အတူမြှုပ်ပစ်လိုက်ပါ။ မှောင်မိုက်ထဲ၌ သူတို့မျက်နှာကို စည်းထားလိုက်ပါ။
သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
မြေ မုန့် ဖြင့် အ တူ တ ကွ မြှုပ် ကွယ်၍၊ မျက် နှာ များ ကို မှောင် မိုက် နှင့် ဖုံး အုပ် လော့။
သူတို့ကိုမြေမှုန့်၌ တစ်စုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ဘုရားတရားမဲ့သူတို့မူကား အမျက်ထွက်၍ စိတ်တွင်အငြိုးထားတတ်ကြ၏။ ကိုယ်တော်ချုပ်နှောင်တော်မူလျှင်ပင် အကူအညီအော်ဟစ်တောင်းခံခြင်းကို မပြုကြ။
ထိုသို့ပြုနိုင်လျှင် သင့်လက်ရုံးသည် သင့်ကို ကာကွယ်နိုင်ပါသည်တကားဟု ငါအသိအမှတ်ပြုမည်။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
ထာဝရဘုရား၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် ကျောက်ဆောင်ထဲသို့ဝင်၍ မြေကြီးထဲ၌ပုန်းနေကြလော့။
ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။