စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
ယောဘဝတ္တု။ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့နားထဲတွင် တိုးညှင်းသောစကားသံတစ်ခုကို သဲ့သဲ့လေးကြားရ၏။ Common Language Bible တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။ Garrad Bible အ ကျွန်ုပ် ထံ သို့ လျှို့ တ ဝှက် ရောက် သော ဗျာ ဒိတ် သံ ကို၊ သော တာ ရုံ ဖြင့် သိုး သိုး သန့် သန့် ကြား ရ၍၊ Judson Bible တစ်ရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကိုရ၍ တိုးသောအသံကို ကြားရ၏။ |
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
လူတို့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၊ အိပ်ရာထက်၌ အိပ်မောကျနေချိန် အိပ်မက်ထဲ၊ ညအချိန်မြင်ရသောစိတ်အာရုံထဲတွင်
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။