နွားရိုင်းကို ကြိုးချည်ပြီး လယ်ထွန်ခိုင်း၍ ရမည်လော။ သင့်နောက်သို့လိုက်ပြီး ချိုင့်ဝှမ်းလွင်ပြင်တွင် လယ်ထွန်လိမ့်မည်လော။
ယောဘဝတ္တု။ 39:9 - မြန်မာ့စံမီသမ္မာကျမ်း နွားရိုင်းသည် သင်စေခိုင်းသောအရာကို လုပ်ပေးမည်လော။ သင်ထားသောတင်းကုပ်တွင် နေမည်လော။ Common Language Bible ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။ Garrad Bible စိုင် သည် စေ စား ခြင်း ကို ခံ လို၍၊ သင့် စား ခွက် နား၌ နေ မည် လော။ Judson Bible ကြံ့သည် သင်၏အမှုကို ဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှာ အလိုရှိလိမ့်မည်လော။ |
နွားရိုင်းကို ကြိုးချည်ပြီး လယ်ထွန်ခိုင်း၍ ရမည်လော။ သင့်နောက်သို့လိုက်ပြီး ချိုင့်ဝှမ်းလွင်ပြင်တွင် လယ်ထွန်လိမ့်မည်လော။
စားကျက်ရှိရာတောင်ကုန်းများကို စူးစမ်းပြီးနောက် စိမ်းလန်းသောအပင်အမျိုးမျိုးကို ရှာဖွေတတ်၏။
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
ကိုယ်တော်သည် လက်ဘနွန်ကို နွားသငယ်ကဲ့သို့လည်းကောင်း၊ စိရုန်ကို နွားရိုင်းကလေးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
နွားရိုင်းတို့သည် ပြည်သားတို့နှင့်အတူ၊ နွားထီးပျိုတို့သည် နွားလားတို့နှင့်အတူ လဲကျကြလိမ့်မည်။ သူတို့၏မြေသည် သွေးနှင့်ဝ၍ သူတို့၏မြေမှုန့်သည် အဆီနှင့်အီလိမ့်မည်။
ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။