သိမ်းငှက်က သူ၏အတောင်ပံတို့ကိုဖြန့်ပြီး တောင်အရပ်သို့ ပျံသန်းသွားသည်မှာ သင်ပညာသင်ပေးထား၍လော။
ယောဘဝတ္တု။ 39:27 - မြန်မာ့စံမီသမ္မာကျမ်း လင်းယုန်ငှက်က အမြင့်သို့ပျံသန်း၍ အသိုက်ကိုလည်း အမြင့်ဆုံးနေရာ၌ဆောက်လုပ်တတ်သည်မှာ သင်အမိန့်ပေးထား၍လော။ Common Language Bible သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ Garrad Bible လင်း ယုန် ငှက် လည်း ပျံ တက်၍၊ မြင့် ရာ အ ရပ်၌ အ သိုက် လုပ် တတ် သည် ကား၊ သင့် အ မိန့် ကြောင့် ဖြစ် သ လော။ Judson Bible သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ |
သိမ်းငှက်က သူ၏အတောင်ပံတို့ကိုဖြန့်ပြီး တောင်အရပ်သို့ ပျံသန်းသွားသည်မှာ သင်ပညာသင်ပေးထား၍လော။
သူသည် ကျောက်ဆောင်များကြားတွင် နေထိုင်တတ်၏။ ကျောက်အငူများ၊ လိုဏ်ဂူများတွင် ညအိပ်နားတတ်၏။
သင်၏ဘဝကို ကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝစေတော်မူသဖြင့် သင်၏ပျိုရွယ်မှုသည် လင်းယုန်ကဲ့သို့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့ကိုယ်တိုင်သိမြင်ခဲ့ကြ၏။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
မိုးကောင်းကင်၌လင်းယုန်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်၌မြွေသွားရာလမ်း၊ ပင်လယ်အလယ်၌သင်္ဘောသွားရာလမ်းနှင့် မိန်းမပျိုနှင့်အတူယောက်ျားသွားရာလမ်းတို့ဖြစ်ကြ၏။
ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
ရွံရှာဖွယ်ဖြစ်သည်ဟု မှတ်၍ မစားရမည့်ရွံရှာဖွယ်ငှက်များမှာ လင်းယုန်၊ လင်းတ၊ ဝန်ပို၊
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။