ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
ယောဘဝတ္တု။ 38:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က မိုးသောက်ကြယ်တို့ ဝိုင်းဖွဲ့သီချင်းဆိုလျက်၊ ဘုရားသားအပေါင်းတို့သည် ဝမ်းမြောက်စွာကြွေးကြော်ကြ၏။ Common Language Bible နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။ Judson Bible နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ |
ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
တစ်နေ့တွင် ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောအခါ စာတန်သည်လည်း သူတို့နှင့်အတူရောက်လာ၏။
ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောနေ့ရောက်လာပြန်လျှင် စာတန်သည်လည်း သူတို့နှင့်အတူ ထာဝရဘုရားရှေ့တော်သို့ ရောက်လာ၏။
မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သောသူတို့အား လောင်ကျွမ်းသောမီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။
ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”
ထို့နောက် ငါကြည့်လိုက်ရာ ပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ပတ်ဝန်းကျင်မှ များစွာသောကောင်းကင်တမန်တို့၏အသံကိုကြားရ၏။ သူတို့၏အရေအတွက်သည် သိန်းသန်းကုဋေရှိ၏။