ထိုအိုးတို့ကို မြေမှုန့်များ မာကျောပြီး မြေစိုင်များ စေးကပ်ကုန်သည့်အချိန်တွင် မည်သူသွန်ချနိုင်သနည်း။
ယောဘဝတ္တု။ 38:39 - မြန်မာ့စံမီသမ္မာကျမ်း ခြင်္သေ့မအဖို့ သားကောင်ကို သင်ဖမ်းပေးဖူးသလော။ ခြင်္သေ့ပျိုတို့ အဆာပြေအောင် သင်လုပ်ပေးနိုင်သလော။ Common Language Bible သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ Garrad Bible မှီ အောင်း ရာ များ၌ ဝပ် တွား လျက်၊ ချုံ များ၌ ချောင်း မြောင်း လျက် နေ ကြ စဉ်၊ ခြင်္သေ့ များ အ တွက် အ မဲ လိုက်၍၊ တိ န များ ကို ဝ စေ မည် လော။ Judson Bible သင်သည် ခြင်္သေ့မအဖို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ |
ထိုအိုးတို့ကို မြေမှုန့်များ မာကျောပြီး မြေစိုင်များ စေးကပ်ကုန်သည့်အချိန်တွင် မည်သူသွန်ချနိုင်သနည်း။
ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက် ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
သူခိုးသည် ဆာလောင်မွတ်သိပ်သောကြောင့် အငတ်ပြေစေရန် ခိုးယူခဲ့လျှင် လူတို့သည် သူ့ကိုမထီမဲ့မြင်ပြုကြမည်မဟုတ်။