ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
ယောဘဝတ္တု။ 38:33 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဥပဒေသတို့ကို သင်သိသလော။ ထိုဥပဒေသတို့ကို မြေကြီးပေါ်တွင်လွှမ်းမိုးတည်မြဲအောင် သင်ပြုနိုင်သလော။ Common Language Bible မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။ Garrad Bible မိုး ကောင်း ကင် နည်း ဥ ပ ဒေ သ များ ကို သိ၍၊ ၎င်း အာ ဏာ ပိုင် ခွင့် ကို မြေ ကြီး ပေါ် တွင် တည် နိုင် သ လော။ Judson Bible မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။ |
ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ကြယ်စုတို့ကို ရာသီအလိုက် သင်ပေါ်ထွက်စေနိုင်သလော။ ဓူဝံကြယ်ကြီးနှင့် အရံကြယ်တို့ကို သင်ထိန်းချုပ်နိုင်သလော။
ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍ မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။
ထာဝရဘုရားက ‘ငါသည် နေ့နှင့်ညအတွက် ပဋိညာဉ်မဖွဲ့ထားခဲ့လျှင်၊ ကောင်းကင်နှင့်မြေကြီးအတွက် ပြဋ္ဌာန်းချက် မစီရင်ထားခဲ့လျှင်