အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 38:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြေကြီး​စွန်း​တို့​ကို​ဆုပ်ကိုင်​ပြီး မြေကြီး​ပေါ်ရှိ​လူဆိုး​တို့​ကို ခါထုတ်​ရန် သူ​တို့​ကို အမိန့်ပေး​ဖူး​သလော​။

အခန်းကိုကြည့်ပါ။

Common Language Bible

နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။

အခန်းကိုကြည့်ပါ။

Judson Bible

နံ​နက်​အ​လင်း​သည် မြေ​ကြီး​စွန်း​ကို​ကိုင်​လျက်၊ လူ​ဆိုး​တို့​ကို​ခါ၍ ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 38:13
13 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် မြေကြီး​စွန်း​တိုင်အောင် ကြည့်ရှု​တော်မူ​၏​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​ကို မြင်​တော်မူ​၏​။


သူ​တို့​ပြု​သော​အမှု​ကို သိ​တော်မူ​သည်​ဖြစ်၍ ညအချိန်​တွင် သူ​တို့​ကို ဖျက်ဆီး​လိုက်​သောအခါ သူ​တို့​ပျက်စီး​သွား​ရ​လေ​၏​။


သူ​တို့​ဆိုးယုတ်​သောကြောင့် လူ​မြင်ကွင်း​တွင်ပင် သူ​တို့​ကို ဆုံးမ​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​တို့​ကို ရှင်သန်ခွင့်​ပေး​တော်​မ​မူ​။ အဖိနှိပ်​ခံရ​သော​သူ​တို့​ကို​မူကား တရားမျှတ​စွာ စီရင်​ပေး​တော်မူ​၏​။


ကိုယ်တော်​သည် အသံ​တော်​ကို ကောင်းကင်​အောက်​တစ်ခွင်လုံး​သို့ လွှတ်​တော်မူ​၍ မြေကြီး​စွန်း​တိုင်အောင် လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။


သင့်​တစ်သက်​တွင် နံနက်အချိန်​ကို အမိန့်ပေး​ဖူး​သလော​။ အရုဏ်​အား မိမိ​တက်​ရ​မည့်​နေရာ​ကို ပြပေး​ဖူး​သလော​။


မြေကြီး​သည် မြေစေး​ပေါ်တွင်​တံဆိပ်ခတ်နှိပ်​သကဲ့သို့ ပုံပြောင်း​သွား​၏​။ အဝတ်တန်ဆာ​ဝတ်ဆင်​ထား​သကဲ့သို့ ပေါ်လာ​၏​။


အပြစ်သား​တို့​သည် ကမ္ဘာမြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​ကြ​ပါစေသော​။ ဆိုးယုတ်​သော​သူ​တို့​သည်​လည်း ဆက်၍​မ​ရှိ​ကြ​ပါစေ​နှင့်​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ဟာလေလုယ​။


ထို့ကြောင့် မောရှေ​သည် မိမိ​၏​လက်​ကို ပင်လယ်​အပေါ်​သို့​ဆန့်​လိုက်​၏​။ မိုးလင်းချိန်​၌ ပင်လယ်​သည် ပုံမှန်​အတိုင်း ပြန်​၍​စီးဆင်း​၏​။ အီဂျစ်​လူမျိုး​တို့​သည် စီးလာ​သော​ရေ​မှ ထွက်ပြေး​ကြ​စဉ်​တွင်ပင် ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်​ထဲ၌ လှဲချ​တော်မူ​၏​။