သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
ယောဘဝတ္တု။ 38:11 - မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။ Common Language Bible တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။ Judson Bible တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။ |
သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်ကိုမူ ချမ်းသာပေးရမည်”ဟု မိန့်တော်မူ၏။
သင့်တစ်သက်တွင် နံနက်အချိန်ကို အမိန့်ပေးဖူးသလော။ အရုဏ်အား မိမိတက်ရမည့်နေရာကို ပြပေးဖူးသလော။
ရေထုသည် ပြန်လှည့်လာ၍ ကမ္ဘာမြေကြီးကို မဖုံးလွှမ်းစေရန် သူတို့မကျော်ရမည့်နယ်နိမိတ်ကို သတ်မှတ်တော်မူ၏။
အဟုန်ပြင်းသောရေသည် ငါတို့၏စိတ်ဝိညာဉ်ကို ဖြတ်ကျော်သွားခဲ့ပေလိမ့်မည်”ဟူ၍ဖြစ်၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ကိုယ်တော်သည် လှိုင်းထန်သောပင်လယ်ကို အုပ်စိုးတော်မူ၏။ ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ၎င်းတို့ကို ငြိမ်စေတော်မူ၏။
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။