အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
ယောဘဝတ္တု။ 37:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။ Common Language Bible မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ Garrad Bible ကောင်း ကင် အောက် တစ် လျှောက် လွှတ် ထား၍၊ မြေ ကြီး စွန်း တိုင် အောင် လျှပ် စစ် ပြက် တော် မူ ပြီး လျှင်၊ Judson Bible မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ |
အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။
ကိုယ်တော်စေညွှန်ရာသို့ မိုးတိမ်များလွင့်ပါသွား၏။ အမိန့်တော်အတိုင်းပြုဖို့ရန် ကမ္ဘာလောကတစ်ခွင်လုံးသို့ လွင့်မျောလေ၏။
လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။
မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။
အို ဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းပါ၏။ မည်သည့်ဘုရားသည် ဘုရားသခင်ကဲ့သို့ ကြီးမြတ်သနည်း။
ကိုယ်တော်၏လျှပ်စီးတို့သည် ကမ္ဘာလောကကို လင်းလက်စေ၏။ ကမ္ဘာမြေကြီးသည်လည်း မြင်၍တုန်လှုပ်၏။
လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။