သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
ယောဘဝတ္တု။ 36:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။ Common Language Bible အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။ Garrad Bible ညှဉ်း ဆဲ ခံ ရ သူ တို့ ကို၊ ညှဉ်း ဆဲ ခံ ရ ခြင်း အား ဖြင့် ကယ် လွှတ်၍၊ နှိပ် စက် ခံ ရ စဉ် ပင်၊ နား ကို ဖွင့် တော် မူ၏။ Judson Bible အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေခြင်းငှာ ပြုတော်မူ၏။ |
သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
ဆုံးမပဲ့ပြင်ခြင်းကို နာခံစေတော်မူ၏။ မကောင်းမှုကို စွန့်လွှတ်ရန် သွန်သင်တော်မူ၏။
မကောင်းမှုဘက်သို့မလှည့်မိစေရန် သတိပြုပါလော့။ အကြောင်းမူကား ဖိစီးမှုကိုခံသည်ထက် မကောင်းမှုကိုပြုရန် သင်ဆန္ဒရှိလေပြီ။
သို့သော် သူတို့သည် သံကြိုးနှင့်တုပ်နှောင်ခံရ၍ ဒုက္ခကြိုးများနှင့် ချည်နှောင်ခံရလျှင်လည်း
ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။
ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။
နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။
အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။