ဆုံးမပဲ့ပြင်ခြင်းကို နာခံစေတော်မူ၏။ မကောင်းမှုကို စွန့်လွှတ်ရန် သွန်သင်တော်မူ၏။
ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
ပဲ့ ပြင် ခြင်း ကို နား နေ စေ၍၊ ဒု စ ရိုက် မှ ပြောင်း လဲ ကြ မည့် အ ကြောင်း မိန့် မှာ တော် မူ၏။
ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
မကောင်းမှုဘက်သို့မလှည့်မိစေရန် သတိပြုပါလော့။ အကြောင်းမူကား ဖိစီးမှုကိုခံသည်ထက် မကောင်းမှုကိုပြုရန် သင်ဆန္ဒရှိလေပြီ။
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။
ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။
လူမှစ၍ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်၍ ဘုရားသခင်ထံ စိတ်ပါလက်ပါနှင့်ဆုတောင်းကြစေ။ လူတိုင်း မိမိပြုသောမကောင်းမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ကြဉ်ကြစေ။
ငါက ‘သင်သည် ငါ့ကိုကြောက်ရွံ့လိမ့်မည်၊ ငါ၏ဆုံးမစကားကို နာခံလိမ့်မည်၊ ထို့ကြောင့် သင့်ကို တစ်ခုမျှဒဏ်မခတ်၊ သင့်နေရာကို မဖျက်ဆီး’ဟု ဆိုသော်လည်း စင်စစ် သူတို့၏အပြုအမူများမှာ ပိုမိုဆိုးဝါးလာ၏။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။
သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။