အကျွန်ုပ်ဆိုးယုတ်လျှင် အကျွန်ုပ်၌ အမင်္ဂလာရှိ၏။ အကျွန်ုပ်ဖြောင့်မတ်လျှင်ပင် ခေါင်းမမော့ဝံ့ဘဲ အရှက်ကွဲလျက်နေရပါ၏။ အကျွန်ုပ်ခံရသောဆင်းရဲဒုက္ခကို ကြည့်ရှုလှည့်ပါ။
ယောဘဝတ္တု။ 35:3 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။ Common Language Bible သင်က၊ ငါသည်အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။ Judson Bible သင်က၊ ငါသည် အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။ |
အကျွန်ုပ်ဆိုးယုတ်လျှင် အကျွန်ုပ်၌ အမင်္ဂလာရှိ၏။ အကျွန်ုပ်ဖြောင့်မတ်လျှင်ပင် ခေါင်းမမော့ဝံ့ဘဲ အရှက်ကွဲလျက်နေရပါ၏။ အကျွန်ုပ်ခံရသောဆင်းရဲဒုက္ခကို ကြည့်ရှုလှည့်ပါ။
အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
အထက်အရပ်ရှိဘုရားသခင်ထံမှ မည်သည့်ဝေစုကို ရမည်နည်း။ မြင့်ရာအရပ်ရှိအနန္တတန်ခိုးရှင်ထံမှ မည်သည့်အမွေကို ရမည်နည်း။
အကြောင်းမူကား သူက ‘ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ခြင်းသည် ဘာမျှအကျိုးမရှိ’ဟု ဆို၏။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍ ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။