ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။
ယောဘဝတ္တု။ 34:6 - မြန်မာ့စံမီသမ္မာကျမ်း ငါမှန်ကန်သော်လည်း ငါလိမ်လည်သည်ဟု အထင်ခံရ၏။ ငါအပြစ်မကျူးလွန်သော်လည်း ကုသ၍မပျောက်သောအနာကို ငါခံစားရ၏’ဟု ဆိုပြီ။ Common Language Bible ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ Judson Bible ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှာ မုသားပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သော အနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ |
ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။