အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။
ယောဘဝတ္တု။ 34:4 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ့်အဖို့ မှန်ကန်သောအရာကို ရွေးချယ်ကြစို့။ အကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကောင်းသည်ကို သိမှတ်ကြစို့။ Common Language Bible ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။ Garrad Bible အ ကျွန်ုပ် တို့ သည် ထိုက် သင့် ရာ ကို အ ချင်း ချင်း သိ ရန်၊ တ ရား သ ဖြင့် ဆုံး ဖြတ် ချက် ကို ရွေး ချယ် ကြ ကုန် အံ့။ Judson Bible ငါတို့သည် ကိုယ်အဖို့အလိုငှာ စစ်၍ တရားသဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင်အားဖြင့် သိမှတ်ကြကုန်အံ့။ |
အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။
ယောဘသည် အပြစ်ဒုစရိုက်သားကဲ့သို့ တုံ့ပြန်ပြောဆိုသည်ဖြစ်၍ အဆုံးထိစစ်ဆေးခြင်းခံရတော့မည်။
အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
ထိုအခြင်းအရာကို မြင်သောသူတိုင်းက “အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအဖြစ်အပျက်မျိုး မဖြစ်ဖူး၊ မကြုံဖူးပေ။ ဤကိစ္စကို သေသေချာချာစဉ်းစားပြီး ဆွေးနွေးတိုင်ပင်ကြလော့”ဟု ဆိုကြ၏။
သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။