သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
ယောဘဝတ္တု။ 34:34 - မြန်မာ့စံမီသမ္မာကျမ်း အသိတရားရှိသောသူတို့သည် အကျွန်ုပ်ကို ပြောပါစေ။ ပညာရှိသောသူသည် အကျွန်ုပ်စကားကို နားထောင်၍ Common Language Bible ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။ Garrad Bible ဉာဏ် ကောင်း သူ မှ စ၍၊ အ ကျွန်ုပ် စ ကား ကို ကြား နာ သူ ပ ညာ ရှိ တို့ က၊ Judson Bible ဉာဏ်ကောင်းသော သူတို့သည် စကားပြောပါစေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင်ပါစေ။ |
သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
သင်တို့၌ အသိဉာဏ်ရှိလျှင် နားထောင်ကြပါလော့။ အကျွန်ုပ်ပြောသောစကားကို စူးစိုက်နားထောင်ကြပါလော့။
“အို ပညာရှိတို့၊ အကျွန်ုပ်စကားကို နားထောင်ကြပါလော့။ အို အသိတရားရှိသူတို့၊ အကျွန်ုပ်ကို စူးစိုက်နားထောင်ကြပါလော့။
သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။
‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။
ကိုယ့်အဖို့ မှန်ကန်သောအရာကို ရွေးချယ်ကြစို့။ အကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကောင်းသည်ကို သိမှတ်ကြစို့။
သင်တို့အား ပညာသတိရှိသောသူကိုပြောသကဲ့သို့ ငါပြော၏။ ငါပြောသောအရာကို ဆင်ခြင်သုံးသပ်ကြလော့။