ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။
ယောဘဝတ္တု။ 34:26 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ဆိုးယုတ်သောကြောင့် လူမြင်ကွင်းတွင်ပင် သူတို့ကို ဆုံးမတော်မူ၏။ Common Language Bible သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။ Garrad Bible ထို သူ တို့ သည် ခပ် သိမ်း သော နည်း လမ်း တော် များ ကို မ ဆင် ခြင်၍၊ နောက် တော် သို့ မ လိုက် ဘဲ လွှဲ သွေ ကြ သော ကြောင့်၊ လူ ဆိုး တို့ ကဲ့ သို့ အ ထင် အ ရှား ရိုက် ဒဏ် ခတ် တော် မူ သည် နှင့်၊ Judson Bible သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ်တော်မူ၏။ |
ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။
မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၏။ သို့သော် ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဆိုးယုတ်သောသူနှင့် ရက်စက်ကြမ်းကြုတ်မှုကိုနှစ်သက်သောသူအား မုန်းတော်မူ၏။
ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။
ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။
ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
မြို့သားယောက်ျားအပေါင်းတို့သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ ကြောက်ရွံ့ကြလိမ့်မည်။
ကျန်သောသူတို့သည်လည်း ကြောက်ရွံ့ခြင်းရှိကြစေရန် အပြစ်ပြုသောသူတို့ကို အားလုံးရှေ့၌ ဆိုဆုံးမလော့။
လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။