အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
ယောဘဝတ္တု။ 33:18 - မြန်မာ့စံမီသမ္မာကျမ်း သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။ Common Language Bible သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။ Garrad Bible သင်္ချိုင်း တွင်း သို့ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊ ဓား လှံ သွား ကို မ တိုက် စေ ခြင်း ငှာလည်း ကောင်း၊ သက် ဇီ ဝ ကို ထိန်း သိမ်း တော် မူ၏။ Judson Bible သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍၊ ဓားဘေးဖြင့် မသေစေခြင်းငှာ စောင့်မတော်မူ၏။ |
အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
ဤသို့ဖြင့် လူအား ကိုယ့်အကျင့်ဆိုးမှ လွှဲရှောင်စေတော်မူ၏။ လူ၏မာန်မာနကိုလည်း ချိုးနှိမ်တော်မူ၏။
သူ၏စိတ်ဝိညာဉ်သည် သေတွင်းသို့ ရောက်လုနီးပြီ။ သူ၏အသက်သည်လည်း သေဆုံးလုနီးပြီ။
သူ့ကို သနားသောအားဖြင့် ကောင်းကင်တမန်က ‘သူ့ကို သေတွင်းမှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်စရာအဖိုးအခကို တွေ့ပါပြီ’ဟု ဆိုလိမ့်မည်။
ငါ့ဝိညာဉ်ကို သေတွင်းသို့မရောက်အောင် ရွေးနုတ်တော်မူ၏။ ငါ့အသက်သည်လည်း အလင်းကို တွေ့မြင်ခွင့်ရ၏’ဟု ဆိုလိမ့်မည်။
သူ၏စိတ်ဝိညာဉ်ကို သေတွင်းမှပြန်ဆွဲထုတ်ပြီး အသက်၏အလင်းကို ထွန်းလင်းစေတော်မူ၏။
မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။
အချင်းချင်း မတိုးမတိုက်ဘဲ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ချီတက်ကြ၏။ လက်နက်ကြားတိုးဝင်သော်လည်း မကျဆုံး။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။