သို့ဖြစ်၍ အို အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအား ‘သင့်အမျိုးအနွယ်ကို ငါတည်စေမည်’ဟု ကြားသိစေပါပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ဤသို့ဆုတောင်းဝံ့ခြင်းဖြစ်ပါ၏။
ယောဘဝတ္တု။ 33:16 - မြန်မာ့စံမီသမ္မာကျမ်း လူတို့၏နားကို ဖွင့်၍ သူတို့၏သွန်သင်ချက်ကို တံဆိပ်ခတ်တော်မူ၏။ Common Language Bible ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။ Garrad Bible သူ တို့၏ နား များ ကို ဖွင့် ပြီး လျှင်၊ သွန် သင် ဆုံး မ ချက် ကို တံ ဆိပ် ခတ် ပိတ် တော် မူ၏။ Judson Bible ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏။ |
သို့ဖြစ်၍ အို အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအား ‘သင့်အမျိုးအနွယ်ကို ငါတည်စေမည်’ဟု ကြားသိစေပါပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ဤသို့ဆုတောင်းဝံ့ခြင်းဖြစ်ပါ၏။
ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။
ဤသို့ဖြင့် လူအား ကိုယ့်အကျင့်ဆိုးမှ လွှဲရှောင်စေတော်မူ၏။ လူ၏မာန်မာနကိုလည်း ချိုးနှိမ်တော်မူ၏။
ဆုံးမပဲ့ပြင်ခြင်းကို နာခံစေတော်မူ၏။ မကောင်းမှုကို စွန့်လွှတ်ရန် သွန်သင်တော်မူ၏။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။
ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုညတွင် ဒံယေလအား ဤနက်နဲသောအရာကို စိတ်အာရုံထဲတွင် ဖွင့်ပြတော်မူ၏။ ထို့ကြောင့် ဒံယေလက ကောင်းကင်ဘုံရှင်ဘုရားသခင်အား
ထို့နောက် ဟေရုဒ်မင်းကြီးထံသို့ ပြန်မသွားမည့်အကြောင်း အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသဖြင့် မိမိတို့တိုင်းပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။