သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
ယောဘဝတ္တု။ 31:8 - မြန်မာ့စံမီသမ္မာကျမ်း ငါကြဲသောမျိုးစေ့ကို အခြားသူစားပါစေ။ ငါ့ကောက်ပဲသီးနှံများသည်လည်း နုတ်ပစ်ခြင်းခံရပါစေ။ Common Language Bible ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။ Garrad Bible ငါ ကြဲ သော်၊ သူ တ ထူး စား၍၊ လယ် ထွက် ကို လည်း အ မြစ် ပါ နုတ် ပစ် ပါ စေ သော။ Judson Bible ငါကြဲသော မျိုးစေ့၏အသီးအနှံကို သူတစ်ပါးစားပါစေ။ ငါ့ပျိုးပင်များကို သူတစ်ပါးနုတ်ပါစေ။ |
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
သူ့လူမျိုးတွင် သူသည် သားသမီးထွန်းကားမည်မဟုတ်။ သားမြေးအစဉ်အဆက်လည်း ရှိမည်မဟုတ်။ သူနေထိုင်ရာအရပ်တွင် အသက်ရှင်ကျန်ရစ်သူရှိတော့မည်မဟုတ်။
ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
တိရစ္ဆာန်အစာကို လယ်ကွင်းတွင် လိုက်ရိတ်ရ၏။ ဆိုးယုတ်သောသူတို့၏စပျစ်ခြံတွင် ကောက်သင်းကောက်ရ၏။
ပျက်စီးခြင်းနိုင်ငံတိုင်အောင် လောင်ကျွမ်းသောမီး၊ ငါ၏ကောက်ပဲသီးနှံပင်အားလုံးကို အမြစ်ပါမကျန် လောင်ကျွမ်းသောမီးဖြစ်၏။
သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
မျိုးစေ့ကြဲသော်လည်း ရိတ်သိမ်းရမည်မဟုတ်။ သံလွင်သီးကိုနင်းနယ်သော်လည်း သံလွင်ဆီလိမ်းရမည်မဟုတ်။ စပျစ်သီးကိုနင်းနယ်သော်လည်း စပျစ်ဝိုင်သောက်ရမည်မဟုတ်။
ထို့ကြောင့် ‘တစ်ဦးက မျိုးကြဲလျက် အခြားတစ်ဦးက ရိတ်သိမ်း၏’ဟူသောဆိုရိုးစကားသည် ဤနေရာ၌ မှန်ကန်၏။
သင်သည် လယ်ယာ၌မျိုးစေ့များစွာကြဲသော်လည်း ကျိုင်းကောင်စားသောကြောင့် အနည်းငယ်သာ စုသိမ်းရလိမ့်မည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။