ငါ့အိမ်တွင် တည်းခိုနေထိုင်သောသူများ၊ ငါ့ကျွန်မများလည်း ငါ့ကို သူစိမ်းကဲ့သို့ သဘောထားကြ၏။ သူတို့အမြင်တွင် ငါသည် တစ်ပါးအမျိုးသားဖြစ်ရ၏။
ယောဘဝတ္တု။ 31:31 - မြန်မာ့စံမီသမ္မာကျမ်း ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။ Common Language Bible ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။ Garrad Bible လမ်း၌ ဧည့် သည် ခ ရီး သွား တို့ မ တည်း ခို ရ စေ ရန်၊ ငါ့ တံ ခါး ကို ဖွင့် ထား လေ့ ရှိ သည် နှင့် အ ညီ၊ ငါ့ အိမ် သူ အိမ် သား တို့ က၊ သ ခင့် အ မဲ သား ကို မ စား ရ သူ ရှိ သ လော ဟု မ ဆို ကြ ရ လျှင် လည်း ကောင်း၊ Judson Bible ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။ |
ငါ့အိမ်တွင် တည်းခိုနေထိုင်သောသူများ၊ ငါ့ကျွန်မများလည်း ငါ့ကို သူစိမ်းကဲ့သို့ သဘောထားကြ၏။ သူတို့အမြင်တွင် ငါသည် တစ်ပါးအမျိုးသားဖြစ်ရ၏။
သင်တို့သည် ဘုရားသခင်နည်းတူ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်း။ ငါ့အသားညှဉ်းဆဲခံရသည်ကိုပင် သင်တို့မကျေနပ်သေးသလော။
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။
ငါ့ကိုရန်ဖက်ပြုသောသူများနှင့် ငါ၏ရန်သူများဖြစ်ကြသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ငါ့အသားကိုကိုက်စားရန် ငါ့ထံသို့ချဉ်းကပ်လာကြသောအခါ ခလုတ်တိုက်၍လဲကျကြလိမ့်မည်။
သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ “ဟားဟား၊ ငါတို့အလိုပြည့်စုံပြီ”ဟု အောက်မေ့ခွင့်မရကြပါစေနှင့်။ “သူ့ကို ငါတို့ဝါးမျိုပြီ”ဟု ပြောဆိုခွင့်မရကြပါစေနှင့်။
ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ရန် ချောင်းမြောင်း၍ ကိုယ့်အသက်ကိုကိုယ် ပုန်းအောင်းတိုက်ခိုက်နေကြခြင်းသာဖြစ်၏။
ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
ထိုအခါ အဘိရှဲက ဒါဝိဒ်အား “ယနေ့ပင် ဘုရားသခင်သည် သခင်၏ရန်သူကို သခင့်လက်သို့ အပ်တော်မူပြီ။ ထို့ကြောင့် မြေသို့ထုတ်ချင်းပေါက်သွားအောင် သူ့ကို လှံနှင့် တစ်ချက်တည်းထိုးသတ်ပါရစေ။ နှစ်ချက် မထိုးစေရပါ”ဟု လျှောက်ဆို၏။