ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
ယောဘဝတ္တု။ 31:29 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုမုန်းသောသူတို့ ဘဝပျက်သောအခါ ငါဝမ်းမြောက်၍ ဒုက္ခရောက်သောအခါ ငါကခုန်ခဲ့ဖူးသလော။ Common Language Bible ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။ Garrad Bible အ ကယ် စင် စစ်၊ ငါ့ အား မုန်း ထား သူ့ အ သက် ကို၊ ကျိန် ဆို၍ လျှောက် တောင်း သော ဝ စီ ကံ မျှ ပင် မ ပြစ် မှား ခဲ့ သော ငါ သည်၊ ထို သူ ပျက် စီး သည့် အ ကြောင်း ကြောင့် ဝမ်း မြောက် ရွှင် လန်း လျက်၊ ဘေး သင့် သည့် အ တွက် စိတ် ကြွ ခဲ့ လျှင်လည်း ကောင်း၊ Judson Bible ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။ |
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
အာဗနာကို ဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ ရှင်ဘုရင်သည် အာဗနာ၏သင်္ချိုင်းဂူနားတွင် ကျယ်လောင်စွာငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြလေ၏။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့်။
ငါ့လူမျိုးတော် ဘေးဒုက္ခရောက်သောနေ့တွင် သင်သည် သူ၏မြို့တံခါးထဲသို့ မဝင်သင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့ဘေးရောက်သည်ကို သင်ကြည့်မနေသင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့၏ဥစ္စာပစ္စည်းကို သင်မသိမ်းယူသင့်။