ငါ့မိန်းမသည် အခြားသူ၏မိန်းမအတွက် ကြိတ်ဆုံကြိတ်ရပါစေ။ အခြားသူတို့သည် သူ့ကို ရှုတ်ချကြပါစေ။
ယောဘဝတ္တု။ 31:22 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လက်မောင်းသည် ပခုံးမှ ပြုတ်ထွက်ပါစေ။ လက်မောင်းအဆစ် ကျိုးပါစေ။ Common Language Bible ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။ Garrad Bible ငါ့ မောင်း အိုး သည် ပ ခုံး မှ ကျ၍၊ လက် မောင်း လည်း ညှပ် ရိုး ပါ ပြတ် ကျိုး ပါ စေ သော။ Judson Bible ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။ |
ငါ့မိန်းမသည် အခြားသူ၏မိန်းမအတွက် ကြိတ်ဆုံကြိတ်ရပါစေ။ အခြားသူတို့သည် သူ့ကို ရှုတ်ချကြပါစေ။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
ဂျုံပင်အစား ဆူးပင်ပေါက်ပါစေ။ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ”ဟု မြွက်ဆိုလေ၏။ ယောဘပြောဆိုသောစကား ပြီးဆုံးပါပြီ။
လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။