ယောဘဝတ္တု။ 30:30 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။ Common Language Bible အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။ Garrad Bible ငါ့ အ သား မည်း၍ အ ရိုး များ ပူ လောင် လျက် ရှိ သ ဖြင့်၊ Judson Bible အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ |
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
ညဘက်ရောက်လျှင် ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၏။ ဝေဒနာများသည်လည်း သက်သာခြင်း မရှိ။
အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
အကျွန်ုပ်၏စိတ်နှလုံးသည် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍ ခြောက်သွေ့လျက်ရှိသဖြင့် အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့ပါ၏။
အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ဖြစ်သော်လည်း ကိုယ်တော်၏ပြဋ္ဌာန်းချက်ကို မမေ့လျော့ပါ။
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။
ယခုမူ သူတို့၏အသားသည် မီးသွေးထက်မည်းသဖြင့် လမ်းတွင်တွေ့လျှင်ပင် မမှတ်မိ၊ အသားအရေသည် အရိုး၌ကပ်နေသဖြင့် ထင်းခြောက်သဖွယ် ဖြစ်လေပြီ။
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။