သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။
ယောဘဝတ္တု။ 28:23 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်မူကား ဉာဏ်ပညာလမ်းနှင့် ဉာဏ်ပညာတည်ရာကို သိတော်မူ၏။ Common Language Bible ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ Garrad Bible ဘု ရား သ ခင် မူ ကား၊ ထို လမ်း ကို မြင်၍ နေ ရာ ရင်း ကို သိ တော် မူ၏။ Judson Bible ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ |
သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။ ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။
ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
ရှိခဲ့ပြီးသောအရာသည် အလှမ်းဝေးလျက် အလွန်နက်ရှိုင်း၏။ ထိုအရာကို မည်သူတွေ့ရှိနိုင်မည်နည်း။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။