Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 28:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သို့ဖြစ်လျှင် ဉာဏ်ပညာ​သည် အဘယ်​က လာ​သနည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20-21 သို့ ဖြစ်၍၊ ဉာဏ် ပ ညာ သည်၊ အ ဘယ် မှ ထွက် သ နည်း။ ဉာဏ် ပ ဋိ ဘာန် နေ ရာ ရင်း ကား၊ အ ဘယ် မှာ နည်း။ လေ သ တ္တ ဝါ မှ စ သော သက် ရှိ သ တ္တ ဝါ ဟူ သ မျှ၏ မျက် ကွယ် ဝှက် ထား လျက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သို့​ဖြစ်၍၊ ပ​ညာ​သည် အ​ဘယ်​က​လာ​သ​နည်း။ ဉာဏ်​သည် အ​ဘယ်​ဆီ​မှာ နေ​ရာ​ကျ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 28:20
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဉာဏ်ပညာ​ကို အဘယ်မှာ​ရှာတွေ့​နိုင်​မည်နည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။


သက်ရှိသတ္တဝါ​တိုင်း​လည်း မမြင်​နိုင်​။ မိုးကောင်းကင်​ငှက်​တို့​လည်း မ​တွေ့​နိုင်​။


ဘုရားသခင်​မူကား ဉာဏ်ပညာ​လမ်း​နှင့် ဉာဏ်ပညာ​တည်​ရာ​ကို သိ​တော်မူ​၏​။


ကိုယ်တော်​က လူ​အား ‘​ကြည့်ရှု​လော့​။ ဘုရားရှင်​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်​၏​။ မကောင်းမှု​ကို​ရှောင်ကြဉ်​ခြင်း​သည် အသိဉာဏ်​ဖြစ်​၏​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ