ယောဘဝတ္တု။ 28:11 - မြန်မာ့စံမီသမ္မာကျမ်း စီးဆင်းနေသောချောင်းများကို ဆည်ဖို့၍ ဖုံးကွယ်နေသောအရာတို့ကို ဖော်ထုတ်၏။ Common Language Bible စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။ Garrad Bible မ ယို မ ဖိတ် စေ ခြင်း ငှာ မြောင်း ရေ ကို ဆည်း ပိတ်၍၊ ကွယ် ဝှက် သ မျှ ကို ထုတ် ဖော် တတ်၏။ Judson Bible စီးသောရေကို တစ်ဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဖော်တတ်၏။ |
ကျောက်ဆောင်များကို အမြှောင်းမြှောင်းဖောက်ပြီး အဖိုးတန်ရတနာအားလုံးကို မတွေ့တွေ့အောင် ရှာ၏။
သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။
ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။
ငါသည် သမုဒ္ဒရာကို ‘ခန်းခြောက်လော့။ သင်၏မြစ်တို့ကိုလည်း ငါခြောက်သွေ့စေမည်’ဟု မိန့်ဆို၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။