“အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ငွေလေးရာရှယ်ကယ်တန်ဖိုးရှိသောမြေသည် သခင်နှင့်အကျွန်ုပ်ကြား၌ အဘယ်ဆိုဖွယ်ရှိသနည်း။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါလော့”ဟု ပြန်ပြောလျှင်
ယောဘဝတ္တု။ 28:1 - မြန်မာ့စံမီသမ္မာကျမ်း ငွေထွက်သောမိုင်းတွင်း ရှိ၏။ ရွှေကို သန့်စင်သောနေရာလည်း ရှိ၏။ Common Language Bible ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။ Garrad Bible ငွေ သ တ္တု အ ရပ်၊ ချွတ် လှော် ရ သော ရွှေ နေ ရာ ရင်း မု ချ ရှိ၏။ Judson Bible ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။ |
“အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ငွေလေးရာရှယ်ကယ်တန်ဖိုးရှိသောမြေသည် သခင်နှင့်အကျွန်ုပ်ကြား၌ အဘယ်ဆိုဖွယ်ရှိသနည်း။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါလော့”ဟု ပြန်ပြောလျှင်
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။
လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်ရ၏။ လူကိုကား သူခံရသောချီးမွမ်းစကားဖြင့် စစ်ရ၏။
ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။