မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
ယောဘဝတ္တု။ 26:13 - မြန်မာ့စံမီသမ္မာကျမ်း ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။ Common Language Bible ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။ Garrad Bible လေ တော် ဖြင့် မိုး ကောင်း ကင် ကို ကြည် လင် စေ၍၊ လက် တော် ဖြင့် အ ပြေး လျင် သော န ဂါး ကြီး ကို ပစ် ခွင်း တော် မူ၏။ Judson Bible ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကိုလည်း ဖန်ဆင်းတော်မူ၏။ |
မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
ကောင်းကင်မျက်နှာကြက်ကို တစ်ပါးတည်းဖြန့်ကြက်တော်မူ၍ ပင်လယ်လှိုင်းလုံးများကို နင်းတော်မူ၏။
ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။